MNF Singapore.သည် စင်္ကာပူနိင်ငံရောက် မြန်မာသူနာပြုများ စုပေါင်းဖွဲ.စည်းထားသော မြန်မာသူနာပြုမိသားစု (Myanmar Nurses’ Family Singapore) ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံရောက် မြန်မာသူနာပြုများဧ။် အကျိုးကိုဖော်ဆောင်ရန်ရည်ရွယ်ပါသည်။
ရည်ရွယ်ချက်
- စင်္ကာပူရောက် မြန်မာသူနာပြုအချင်းချင်း ပြန်လည်ဆုံတွေ.နိုင်ရန်နှင်. ရင်းနှီးမှု ပိုမိုရရှိစေရန်
- စင်္ကာပူနိုင်ငံရောက် မြန်မာသူနာပြုအချင်းချင်း ရိုင်းပင်းကူညီမှုနှင်. ချစ်ကြည် စည်းလုံးမှု ရရှိစေရန်
- သူနာပြုအချင်းချင်း အသိပညာဗဟုသုတများ ဝေငှ ဖလှယ်နိုင်ရန်
- အလုပ်အကိုင်ရှာဖွေရေး၊ ကျန်းမာရေး ၊လူမှုရေးကိစ္စများတွင်အပြန်အလှန် ကူညီနိုင်ရန်ဖြစ်ပါသည်။
လုပ်ဆောင်ချက်များ
- သူနာပြုဆိုင်ရာပညာရပ်များတိုးတက်ရန် အတွက် နှစ်လတစ်ကြိမ်ကျ အစည်းအဝေးပြုလုပ် တွေ.ဆုံပြီး CNE အစီအစဉ်မှ သူနာပြုစုခြင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ဆွေးနွေးဖလှယ်ခြင်း၊
- မင်ဘာများအတွက် အလုပ်အကိုင်၊ အခွင်.အလန်းများ ကူညီရှာဖွေပေးခြင်း ၊
- မင်ဘာများ၏ ကျန်းမာရေး၊ လူမှုရေး ကိစ္စ များတွင် အကူအညီပေးခြင်း၊
- ဈေးရောင်းပွဲနှင်. အခြားသော အစီအစဉ်များဖြင်. စုပေါင်းရံပုံငွေရှာဖွေခြင်း
- မင်ဘာအချင်းချင်းရင်းနှီးမှု ပိုမိုရရှိစေရန် နှစ်စဉ် မိသားစုဝင်များအတွက် တွေ.ဆုံ၊ မိတ်ဆက်ပွဲများပြုလုပ်ခြင်း